ဒီတစ္ပတ္မွာ Myanmar Idol Season (4)ကေန ႏႈတ္ဆက္ထြက္ခြာရမယ့္သူက ဘယ္သူမ်ားျဖစ္မလဲ

Zawgyi

ပရိသတ္ေတြရဲ႕ ႏွစ္စဥ္ႏွစ္တိုင္း ေစာင့္ေမွ်ာ္ၾကည့္ရႉတဲ့ Myanmar Idol အစီအစဥ္ကေတာ့ ဒီႏွစ္ဆို Season (4) ကိုေရာက္ရွိလာၿပီး ဘယ္လိုအဆိုေတာ္ေကာင္းေတြကို ေမြးထုတ္ေပးမလဲ ဆိုတာကေတာ့ ရန္ခုန္စရာပါပဲ။

Myanmar Idol Season (4)ၿပိဳင္ပြဲႀကီးက လက္ရွိအခ်ိန္မွာ တစ္စတစ္စနဲ႔ ယွဥ္ၿပိဳင္မႈေတြ ျပင္းထန္လာၿပီး ပရိသတ္အားေပးမႈကလည္း အေတာ္ကို အေရးပါတဲ့ အေျခအေနတစ္ခုကိုလည္း ေရာက္ရွိေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္သီဆိုယွဥ္ၿပိဳင္မႈရဲ႕ Result Show ပြဲမွာေတာ့ ၿပိဳင္ပြဲဝင္ အက္စတာေဒါ့သ္ခ်င္းဆုန္ က Voting အမ်ားဆုံးရရွိခဲ့ၿပီး ၿပိဳင္ပြဲဝင္ျခဴးစစ္ဟန္ကေတာ့ Voting အနည္းဆုံးနဲ႔ Myanmar Idol Season (4) ကေန ႏႈတ္ဆက္ထြက္ခြာခဲ့ရပါတယ္။

Myanmar idol Season 4 ရဲ႕ Top 10 ေတြကေတာ့ ေအးျမျဖဴ ၊ အက္စတာေဒါ့ခ်င္းဆုန္၊ ဘင္ဂ်မင္၊ ေယာ္ကီး၊ ေစာခရစ္မူးလာ၊ ေနာ္ေစးေစးထူး၊ ႏွင္းအိအိဝင္း၊ ထက္အၪၥလီ၊ တန္ခြန္ေက်ာ္နဲ႔ စေနလင္းေက်ာ္တို႔ပဲျဖစ္ပါတယ္။

အခုတစ္ပတ္မွာက်န္ခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြကေတာ့ Rock သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ရတာျဖစ္ၿပီး ၿပိဳင္ပြဲဝင္ (၁)ေယာက္ခ်င္းစီရဲ႕ သီခ်င္းေ႐ြးခ်ယ္မႈေတြနဲ႔ အမိုက္စားသီဆိုေဖ်ာ္ေျဖမႈေတြကိုလည္း ပရိသတ္ေတြခံစားေတြ႕ျမင္ခဲ့ရမယ္ထင္ပါတယ္။

ဒီတစ္ပတ္ရဲ႕ Top (10) Rock week (Performance Show)မွာေတာ့ ၿပိဳင္ပြဲဝင္ေတြကအေကာင္းဆုံးႀကိဳးစားယွဥ္ၿပိဳင္ခဲ့ေပမဲ့လည္း ၿပိဳင္ပြဲရဲ႕ ထုံးစံအရ ၿပိဳင္ပြဲဝင္တစ္ဦးကေတာ့ ႏႈတ္ဆက္ထြက္ခြာရဦးမွာပါ။ကိုယ္အားေပးတဲ့ ၿပိဳင္ပြဲဝင္ႏႈတ္ဆက္ထြက္ခြာျခင္း မထြက္ခြာျခင္းကေတာ့ အားေပးတဲ့ ပရိသတ္အေပၚမွာ မ်ားစြာမူတည္ေနတဲ့အတြက္ ပရိသတ္ေတြက ကိုယ္အားေပးတဲ့ ၿပိဳင္ပြဲဝင္ကို ႏႈတ္ဆက္မထြက္ခြာရေအာင္ အၿပိဳင္အဆိုင္ Voting ေပးေနတာကိုလည္း ေတြ႕ရပါတယ္။ ပရိသတ္ႀကီးေရ ဒီတစ္ပတ္မွာ Myanmar Idol ကႏႈတ္ဆက္ထြက္ခြာၿပီး အိမ္ျပန္ရမယ့္ သူက ဘယ္သူျဖစ္မယ္ထင္လဲ။

Unicode

ပရိသတ်တွေရဲ့ နှစ်စဉ်နှစ်တိုင်း စောင့်မျှော်ကြည့်ရှူတဲ့ Myanmar Idol အစီအစဉ်ကတော့ ဒီနှစ်ဆို Season (4) ကိုရောက်ရှိလာပြီး ဘယ်လိုအဆိုတော်ကောင်းတွေကို မွေးထုတ်ပေးမလဲ ဆိုတာကတော့ ရန်ခုန်စရာပါပဲ။

Myanmar Idol Season (4)ပြိုင်ပွဲကြီးက လက်ရှိအချိန်မှာ တစ်စတစ်စနဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး ပရိသတ်အားပေးမှုကလည်း အတော်ကို အရေးပါတဲ့ အခြေအနေတစ်ခုကိုလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်သီဆိုယှဉ်ပြိုင်မှုရဲ့ Result Show ပွဲမှာတော့ ပြိုင်ပွဲဝင် အက်စတာဒေါ့သ်ချင်းဆုန် က Voting အများဆုံးရရှိခဲ့ပြီး ပြိုင်ပွဲဝင်ခြူးစစ်ဟန်ကတော့ Voting အနည်းဆုံးနဲ့ Myanmar Idol Season (4) ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။

Myanmar idol Season 4 ရဲ့ Top 10 တွေကတော့ အေးမြဖြူ ၊ အက်စတာဒေါ့ချင်းဆုန်၊ ဘင်ဂျမင်၊ ယော်ကီး၊ စောခရစ်မူးလာ၊ နော်စေးစေးထူး၊ နှင်းအိအိဝင်း၊ ထက်အဉ္စလီ၊ တန်ခွန်ကျော်နဲ့ စနေလင်းကျော်တို့ပဲဖြစ်ပါတယ်။

အခုတစ်ပတ်မှာကျန်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေကတော့ Rock သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတာဖြစ်ပြီး ပြိုင်ပွဲဝင် (၁)ယောက်ချင်းစီရဲ့ သီချင်းရွေးချယ်မှုတွေနဲ့ အမိုက်စားသီဆိုဖျော်ဖြေမှုတွေကိုလည်း ပရိသတ်တွေခံစားတွေ့မြင်ခဲ့ရမယ်ထင်ပါတယ်။

ဒီတစ်ပတ်ရဲ့ Top (10) Rock week (Performance Show)မှာတော့ ပြိုင်ပွဲဝင်တွေကအကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပေမဲ့လည်း ပြိုင်ပွဲရဲ့ ထုံးစံအရ ပြိုင်ပွဲဝင်တစ်ဦးကတော့ နှုတ်ဆက်ထွက်ခွာရဦးမှာပါ။

ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်နှုတ်ဆက်ထွက်ခွာခြင်း မထွက်ခွာခြင်းကတော့ အားပေးတဲ့ ပရိသတ်အပေါ်မှာ များစွာမူတည်နေတဲ့အတွက် ပရိသတ်တွေက ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို နှုတ်ဆက်မထွက်ခွာရအောင် အပြိုင်အဆိုင် Voting ပေးနေတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်ကြီးရေ ဒီတစ်ပတ်မှာ Myanmar Idol ကနှုတ်ဆက်ထွက်ခွာပြီး အိမ်ပြန်ရမယ့် သူက ဘယ်သူဖြစ်မယ်ထင်လဲ။