ဗစ္တိုးရီးယားေလး အမႈေနာက္ကြယ္ က အစြမ္းကုန္ ယုတ္မာၾက သူမ်ာ

Zawgyi

၁၀ႀကိမ္ေျမာက္ ႐ုံးခ်ိန္းမွာ WHက CCTVတာဝန္ခံ ရန္ေနာင္ေဌးကို မစစ္ခင္မွာ ၿပီးခဲ့တဲ့အပတ္ကယူလာ ခဲ့တဲ့ CCTV အထိုင္စက္ DVRကို စစ္ေဆးေပးဖို႔ ကြၽမ္းက်င္သူပညာရွင္ ကိုမိုးကေန စစ္ေဆးေပးခဲ့ပါတယ္။

စစ္ေဆးခ်က္အရ အခု CCTVဟာ ကင္မရာ ၃၂လုံးပါတဲ့ 32 channel ျဖစ္ပါတယ္။ DVR ထဲမွာ hard disk ႏွစ္လုံးစာ ေနရာရွိေပမယ့္ တလုံးပဲေတြ႕ရတယ္ ဆိုပါတယ္။

(က်န္တဲ့တလုံးဟာ ျဖဳတ္ထားတာ ထင္ရပါတယ္) စက္ကို စစ္ေဆးၾကည့္တဲ့အခါ ရိုက္ကူးခဲ့ေသာ မွတ္တမ္းေတြကို သုံးလ အထိ ျပန္ၾကည့္လို႔ရတဲ့ အမ်ိဳးအစား ျဖစ္ပါတယ္။

ဒါေပမယ့္ DVR စက္ထဲမွာ ဘာဖိုင္မွမရွိပဲ ဗလာသက္သက္ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ဒီလို ဗလာျဖစ္ဖို႔ဆိုရင္ CCTV ထဲကို user name နဲ႕ passwordsနဲ႕ ဝင္ၿပီး ဖ်က္မွသာ ပ်က္နိုင္ပါတယ္။

ေနာက္တခုက ဒီ DVR စက္သည္ အခ်င္းျဖစ္တဲ့ ရက္က တပ္ဆင္ထားတဲ့ DVR ဟုတ္မဟုတ္ ျပန္စစ္ေဆးမွ ရပါလိမ့္မယ္။

ရန္ေနာင္ေဌးကို ေဒၚစုဒါလီက cross စစ္ေမးတဲ့အခါ ရန္ေနာင္ေဌးက မသိဘူး ပဲ ေျဖပါတယ္။ ဘယ္သူဖ်က္တာလဲ ဆိုတာလည္း မသိဘူး။ အကုန္ မသိဘူးပါပဲ။ ေနာက္ဆုံး CCTV ပညာရွင္ ကိုမိုးေျပာတာေတြ ျပန္ေမးတာေတာင္မွ ကြၽန္ေတာ္ မၾကားလိုက္ဘူး လို႔ ေျပာပါတယ္။

ဟုတ္ကဲ့ ေျပာခ်င္ရာေျပာပါ။ ဒီCCTV ကိုကိုင္တာ ရန္ေနာင္ေဌးပါ။ ရန္ေနာင္ေဌးစီကေန စီအိုင္ဒီက ယူပါတယ္။

ၿပီးရင္ ရန္ေနာင္ေဌးစီ ျပန္ေပးပါတယ္။ (မူရင္း သက္ေသခံခ်က္ကို ဘာလို႔ ျပန္ေပးသလဲ စဥ္းစားမရပါ) ဒီေတာ့ ရန္ေနာင္ေဌးနဲ႕ စီအိုင္ဒီတေနရာရာမွာ မူရင္းသက္ေသခြံခ်က္ေတြ ပ်က္ျပယ္ခဲ့ပါတယ္။

ဘယ္သူ႕မွာ တာဝန္ရွိသလဲ မသိပါ။ ဒါေပမယ့္ ဒါဟာ အေတာ္ကို ႐ုပ္ပ်က္တဲ့ျဖစ္ရပ္ပါ။ အလကားေနရင္ ပ်က္သြားနိုင္တာ မဟုတ္ဘူးလို႔ ပညာရွင္ကိုမိုးက ေျပာခဲ့ပါၿပီ။

ေနာက္တခု ဘဝင္မက်တာက ဒီ CCTVမွတ္တမ္းေတြကို ျပန္ေဖၚဖို႔ ေလ်ာက္ထားေတာ့ တရားသူႀကီးက သင့္ေတာ္တဲ့ အခ်ိန္မွာခြင့္ျပဳမယ္ ေျပာခဲ့တာပါ။

တကယ္ေတာ့ သင့္ေတာ္တဲ့အခ်ိန္က အခုပါ။ ဘယ္အခ်ိန္မွ သင့္ေတာ္မွာလဲ။ အခုျပန္ေဖၚၿပီး အခုရရင္ အေရးအႀကီးဆုံး သက္ေသ ရမွာမဟုတ္ဘူးလား။ တရားသူႀကီးမင္းရဲ႕ အေတြးကိုလိုက္မမီပါ။ ျငင္းလိုက္သလို ခံစားရပါတယ္

ေနာက္တခုက စီစီတီဗီမွတ္တမ္းကို DVR စက္ကေန ကူးယူရာမွာ တရက္စာ ၂၄နာရီေတာက္ေလ်ာက္ ထုတ္ယူလို႔ရပါရဲ႕နဲ႕ မန္မိုရီစတစ္ထဲမွာ တနာရီခ်င္းစီထုတ္တာ ဘာလို႔လဲ ေမးတဲ့အခါ ရန္ေနာင္ေဌးက စက္ကေပးသလိုထုတ္ရတာဆိုတာမ်ိဳး ေျဖပါတယ္။

ဒီေတာ့ CCTV ကြၽမ္းက်င္သူပညာရွင္က သူ႕ေရွ႕တင္ ေျပာသြားတာေတာင္ ကြၽန္ေတာ္ မၾကားလိုက္ပါဘူးဆိုတဲ့ ရန္ေနာင္ေဌးဟာ သူ႕လက္ထဲမွာ DVRထဲကဖိုင္ေတြ ပ်က္သြားတာကို တစိမ့္စိမ့္ ျပန္ေတြးေနေစခ်င္ပါတယ္။ သူတာဝန္ယူခ်ိန္မွာ ပ်က္သြားတာ ဒီအတိုင္းၿပီးသြားမယ္ မထင္ေစခ်င္ပါ။

Unicode

၁၀ကြိမ်မြောက် ရုံးချိန်းမှာ WHက CCTVတာဝန်ခံ ရန်နောင်ဌေးကို မစစ်ခင်မှာ ပြီးခဲ့တဲ့အပတ်ကယူလာ ခဲ့တဲ့ CCTV အထိုင်စက် DVRကို စစ်ဆေးပေးဖို့ ကျွမ်းကျင်သူပညာရှင် ကိုမိုးကနေ စစ်ဆေးပေးခဲ့ပါတယ်။

စစ်ဆေးချက်အရ အခု CCTVဟာ ကင်မရာ ၃၂လုံးပါတဲ့ 32 channel ဖြစ်ပါတယ်။ DVR ထဲမှာ hard disk နှစ်လုံးစာ နေရာရှိပေမယ့် တလုံးပဲတွေ့ရတယ် ဆိုပါတယ်။

(ကျန်တဲ့တလုံးဟာ ဖြုတ်ထားတာ ထင်ရပါတယ်) စက်ကို စစ်ဆေးကြည့်တဲ့အခါ ရိုက်ကူးခဲ့သော မှတ်တမ်းတွေကို သုံးလ အထိ ပြန်ကြည့်လို့ရတဲ့ အမျိုးအစား ဖြစ်ပါတယ်။

ဒါပေမယ့် DVR စက်ထဲမှာ ဘာဖိုင်မှမရှိပဲ ဗလာသက်သက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလို ဗလာဖြစ်ဖို့ဆိုရင် CCTV ထဲကို user name နဲ့ passwordsနဲ့ ဝင်ပြီး ဖျက်မှသာ ပျက်နိုင်ပါတယ်။

နောက်တခုက ဒီ DVR စက်သည် အချင်းဖြစ်တဲ့ ရက်က တပ်ဆင်ထားတဲ့ DVR ဟုတ်မဟုတ် ပြန်စစ်ဆေးမှ ရပါလိမ့်မယ်။

ရန်နောင်ဌေးကို ဒေါ်စုဒါလီက cross စစ်မေးတဲ့အခါ ရန်နောင်ဌေးက မသိဘူး ပဲ ဖြေပါတယ်။ ဘယ်သူဖျက်တာလဲ ဆိုတာလည်း မသိဘူး။ အကုန် မသိဘူးပါပဲ။ နောက်ဆုံး CCTV ပညာရှင် ကိုမိုးပြောတာတွေ ပြန်မေးတာတောင်မှ ကျွန်တော် မကြားလိုက်ဘူး လို့ ပြောပါတယ်။

ဟုတ်ကဲ့ ပြောချင်ရာပြောပါ။ ဒီCCTV ကိုကိုင်တာ ရန်နောင်ဌေးပါ။ ရန်နောင်ဌေးစီကနေ စီအိုင်ဒီက ယူပါတယ်။

ပြီးရင် ရန်နောင်ဌေးစီ ပြန်ပေးပါတယ်။ (မူရင်း သက်သေခံချက်ကို ဘာလို့ ပြန်ပေးသလဲ စဉ်းစားမရပါ) ဒီတော့ ရန်နောင်ဌေးနဲ့ စီအိုင်ဒီတနေရာရာမှာ မူရင်းသက်သေခွံချက်တွေ ပျက်ပြယ်ခဲ့ပါတယ်။

ဘယ်သူ့မှာ တာဝန်ရှိသလဲ မသိပါ။ ဒါပေမယ့် ဒါဟာ အတော်ကို ရုပ်ပျက်တဲ့ဖြစ်ရပ်ပါ။ အလကားနေရင် ပျက်သွားနိုင်တာ မဟုတ်ဘူးလို့ ပညာရှင်ကိုမိုးက ပြောခဲ့ပါပြီ။

နောက်တခု ဘဝင်မကျတာက ဒီ CCTVမှတ်တမ်းတွေကို ပြန်ဖေါ်ဖို့ လျောက်ထားတော့ တရားသူကြီးက သင့်တော်တဲ့ အချိန်မှာခွင့်ပြုမယ် ပြောခဲ့တာပါ။

တကယ်တော့ သင့်တော်တဲ့အချိန်က အခုပါ။ ဘယ်အချိန်မှ သင့်တော်မှာလဲ။ အခုပြန်ဖေါ်ပြီး အခုရရင် အရေးအကြီးဆုံး သက်သေ ရမှာမဟုတ်ဘူးလား။ တရားသူကြီးမင်းရဲ့ အတွေးကိုလိုက်မမီပါ။ ငြင်းလိုက်သလို ခံစားရပါတယ်

နောက်တခုက စီစီတီဗီမှတ်တမ်းကို DVR စက်ကနေ ကူးယူရာမှာ တရက်စာ ၂၄နာရီတောက်လျောက် ထုတ်ယူလို့ရပါရဲ့နဲ့ မန်မိုရီစတစ်ထဲမှာ တနာရီချင်းစီထုတ်တာ ဘာလို့လဲ မေးတဲ့အခါ ရန်နောင်ဌေးက စက်ကပေးသလိုထုတ်ရတာဆိုတာမျိုး ဖြေပါတယ်။

ဒီတော့ CCTV ကျွမ်းကျင်သူပညာရှင်က သူ့ရှေ့တင် ပြောသွားတာတောင် ကျွန်တော် မကြားလိုက်ပါဘူးဆိုတဲ့ ရန်နောင်ဌေးဟာ သူ့လက်ထဲမှာ DVRထဲကဖိုင်တွေ ပျက်သွားတာကို တစိမ့်စိမ့် ပြန်တွေးနေစေချင်ပါတယ်။ သူတာဝန်ယူချိန်မှာ ပျက်သွားတာ ဒီအတိုင်းပြီးသွားမယ် မထင်စေချင်ပါ။