မနက်ခင်းစောစောစီးစီးလေးမှာ ချစ်ဇနီးလေးရွှေမှုံနဲ့ လက်ဘက်ရည်ဆိုင်အတူထိုင်ပြီး သာယာပျော်ရွှင်နေတဲ့ ရွှေထူ

Zawgyi







Unicode

ရွှေထူးနဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ မကြာခင်မှာ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်တော့မှာဖြစ်ပြီး ယနေ့အချိန်ထိတိုင် ကလေးမယူသေးဘဲ နှစ်ယောက်တည်း သာသာယာယာ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ရွှေထူးက ချစ်ဇနီးချောလေးရွှေမှုံကို ကလေးလေးတစ်ယောက်လို အလိုလိုက်ပေးပြီး အရမ်းကြင်နာယုယတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ပါတယ်နော်။

ရွှေမှုံလေးကလည်းအသက်သာငယ်ပေမယ့် အိမ်ရှင်မတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကို ကျေပြွန်ပြီး ချစ်ခင်ပွန်းရဲ့အလုပ်ကိစ္စတွေကိုလည်း တတ်နိုင်သလောက် ကူညီဖေးမပေးတာ ဖြစ်ပါတယ်။

ရွှေမှုံတို့နှစ်ယောက်လုံးက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးကို အားကျနေကြတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ရွှေထူးကတော့ ချစ်ဇနီးချောလေးကို ခေါ်ပြီး

“စောစောစီးစီး ဒီချာတိတ်နဲ့ Tea ဆိုင်ထိုင်” ဆိုကာ နှစ်ယောက်တည်း သာသာယာယာ လဘက်ရည်ဆိုင် ထိုင်နေတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။